အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (အိုင်တီယူ) မှကြီးမှုး၍ (၁၀) ကြိမ် မြောက် World Summit on the Information Society (WSIS) Prizes 2021 ပြိုင်ပွဲအား Sustainable Development Goals (SDGs) ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် အိုင်စီတီ ကဏ္ဍ အနေဖြင့် နိုင်ငံတကာမှ ဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ချက်များ၊ အတွေ့အကြုံ များကို မျှဝေဆွေးနွေးကာ ပိုမိုထိရောက်မှုရှိသည့် Mechanism တစ်ရပ် ဖန်တီးဖော်ဆောင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ICT နည်းပညာကို အသုံးပြုလျက်ရှိသည့် စီးပွားရေး လုပ်ငန်းများ၊ ICT အသုံးပြု၍ ဝန်ဆောင်မှုပေးနေသည့် အစိုးရ အဖွဲ့အစည်း များ၊ အသင်းအဖွဲ့များ၊ လူငယ် Social Entrepreneurs များ၊ Start-up များနှင့် အခြားစိတ်ပါဝင်စားသည့် မည်သည့်အဖွဲ့အစည်းမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ပြိုင်ပွဲဝင်များအနေဖြင့် www.wsis.org/prizes သို့ (၂၅-၁-၂၀၂၁) နေ့ရက် နောက်ဆုံးထား၍ တိုက်ရိုက် လျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သို့ (၁၅ – ၁ – ၂၀၂၁) နေ့ရက် နောက်ဆုံးထား၍ ဆက်သွယ်မေးမြန်နိုင်ပါသည်။