The 4th ICT Project Competition & Show, 2023 အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်၊ ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး  အခမ်းအနားကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။  အဆိုပါအခမ်းအနားသို့  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထူးဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီးနောက် ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်က ပြိုင်ပွဲ နှင့် စပ်လျဉ်းသည့် အကြောင်းအ‌ရာများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပထမနှစ်(ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ)သင်တန်းမှကျောင်းသား၊ကျောင်းသူလေးများက “ လောကအားမာန်” သီချင်းဖြင့်လည်းကောင်း၊ ဒုတိယနှစ် Junior(ကွန်ပျူတာသိပ္ပံ) သင်တန်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ”အလှကမ္ဘာမြေ”သီချင်းဖြင့်လည်းကောင်း၊စတုတ္ထနှစ်(ကွန်ပျူတာသိပ္ပံ) ကျောင်းသူလေးများမှ “ရွှေရောင်လက်ခုပ်သံ နှင့် မိုးယံလွင့်ပျံလက်ခုပ်သံ”သီချင်း စသည့်သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။ ဆက်လက်၍ Faculty of Information Science မှ တွဲဖက်ပါမောက္ခ ဒေါ်အိအိမိုးထွန်းက “ ပြောင်းသီးနှံများတွင် ကျရောက်တက်သော ပိုးမွှားများကိုရှာဖွေခြင်း၊ ခန့်မှန်းခြင်းနှင့် ကုသမှုဆိုင်ရာအကြံပေးခြင်း သုတေသနစာတမ်း ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Faculty of Computer Science မှ တွဲဖက်ပါမောက္ခ ဒေါက်တာဇင်မာမျိုးက “ သင်ကြားသင်ယူမှုူများဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ” စာတမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်က “ အချက်အလက်စီမံခန့်ခွဲမှုစနစ် ” စသည့် စာတမ်းခေါင်းစဉ်အသီးသီးဖြင့် အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဧည့်သည်တော်များက ပြိုင်ပွဲ Project များကို လှည့်လည်ကြည့်ရှု့ခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲတွင် ဒုတိယနှစ် (Junior) နဲ့ ဒုတိယနှစ် (Senior) ကို Junior Level ၊ ကျန်အတန်းများကို Senior Level ဆိုပြီး အဆင့် (၂) ဆင့်ခွဲပေးခဲ့ပြီး Junior Level မှာလဲ ကွန်ပျူတာသိပ္ပံနဲ့ ကွန်ပျူတာနည်းပညာဆိုပြီး ဘာသာရပ်နယ်ပယ် (၂) ခုထားရှိ၍ Senior Level မှာလဲ အလားတူ ကွန်ပျူတာသိပ္ပံနဲ့ ကွန်ပျူတာနည်းပညာ ဆိုပြီး ဘာသာရပ်နယ်ပယ် (၂) ခုထားရှိခဲ့ပြီး Level အသီးသီးဖြင့် အသင်းပေါင်း (၃၀)ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  နယ်ပယ်တစ်ခုချင်းစီမှာ ပထမဆုနဲ့ ဒုတိယဆု များ ချီးမြှင့်ပေးခဲ့ပါသည်။ ပြိုင်ပွဲတွင်ဆုရရှိခဲ့ကြသည့် အသင်းများအား အသီးသီးဆုများချီးမြှင့်ပေးခဲ့ပါသည်။

ဆုရရှိခဲ့သည့် အသင်းများ

  • Junior Level (Computer Science)

JrCS-07 (ပထမဆု)

  JrCS-06 (ဒုတိယဆု)

  • Senior Level (Computer Science) 

          SrCS-02(ပထမဆု)

          SrCS-03(ဒုတိယဆု)

  • Junior Level (Computer Technology)

  JrCT-01 (ပထမဆု)

  JrCT-02 (ဒုတိယဆု)

  • Senior Level (Computer Technology)

        SrCT-07 (ပထမဆု)

 SrCT-01 (ဒုတိယဆု)