Online ICT Project Competition in New Normal Life, 2020

ကွန်ပျူတာတက္ကသိုလ်(မကွေး)ရဲ့ Online ICT Project Competition in New Normal Life, 2020 ကို(၇.၉.၂၀၂၀) ရက်နေ့နံနက် (၉း၃၀) အချိန်တွင်Microsoft Teams အသုံးပြု၍ Online မှကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အသင်းဝင်အသီးသီးက ၄င်းတို့ရဲ့ ပရော့ဂျက်များကို Online ကနေ အဆိုပါနေ့မှာ ရှင်းလင်းပြောကြားပေးသွားမှာဖြစ်ပါတယ်။အသင်းဝင်အသီးသီးရဲ့ Project Video Files များကိုလည်း အောက်ပါ Link မှာတင်ထားပေးပါတယ်။

https://teams.microsoft.com/…/19…/conversations…

Voting ပေးချင်တယ်ဆိုရင်တော့ ကွန်ပျူတာတက္ကသိုလ်(မကွေး)ရဲ့ ucsmgy.edu.mm mail address နဲ့ Microsoft Teams ကိုဝင်ရောက်ပြီး Vote လုပ်ရမှာဖြစ်ပါတယ်။

Computer Science အတွက် မိမိအကြိုက်ဆုံးအသင်း(၁)သင်းနဲ့၊ Computer Technology အတွက် မိမိအကြိုက်ဆုံးအသင်း (၁)သင်းတို့ကို ‌Vote ပေးကြရမှာဖြစ်ပါတယ်။

Voting များကိုတော့ ယခုအချိန်မှစပြီးပေးနိုင်ပါပြီ။ (၇.၉.၂၀၂၀)ရက်နေ့၊ အသင်းအားလုံး Presentation ပေးပြီးတဲ့အချိန်အထိ ဝင်ရောက်ပြီး Voting ပေးနိုင်ပါတယ်။

ပြိုင်ပွဲဝင်ဆုများကို ဒိုင်လူကြီးများ၏ပေးမှတ် (၆၀) မှတ်နှင့်၊ Voting အနည်းအများပေါ်မူတည်၍ တွက်ချက်သည့်ပေးမှတ် (၄၀) မှတ် (၂)ခုပေါင်းကို မူတည်၍ တွက်ချက်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်အသင်းများရဲ့ Live Presentation များကိုလဲ (၇.၉.၂၀၂၀) ရက်နေ့ နံနက် (၉း၃၀) အချိန်မှာ မိမိတို့ရဲ့ Microsoft Teams ကနေ ဝင်ရောက်ကြည့်ရှုအားပေးနိုင်မှာဖြစ်ပါတယ်။