ကွန်ပျူတာတက္ကသိုလ်(မကွေး)နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မကွေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပသော IT Engineers Examination Seminar in Myanmar အခမ်းအနားကို (၅-၂-၂၀၁၉) ရက်နေ့ မွန်းလွဲ(၁:၀၀) အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(မကွေး)ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း၊ IPA (Information-technology Promotion Agency) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းတို့မှ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်နှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။