ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific Tele community၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ လမ်းညွှန်မှုဖြင့် Asia Pacific Tele Community မှ ပေးအပ်သော အထောက်အပံ့ဖြင့် ကျင်းပမည့် “Innovative Robot Project Competition” ပြိုင်ပွဲကို ကျောင်းသူကျောင်းသားများ၏ နည်းပညာတီထွင် ဆန်းသစ်မှုများ၊ ကျောင်းတွင်းအဖွဲ့အစည်း Teamwork လုပ်ဆောင်မှုများ၊ ပညာရပ်ဆိုင်ရာ (STEM) သိပ္ပံ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်များ၊ ဝေဖန်ဆန်းစစ်ခြင်း၊ ပူးပေါင်းဆောင်ရွက် ဖလှယ်မှုများအား ပြိုင်ပွဲမှတဆင့် လက်ဆင့်ကမ်း ပြန့်ပွားနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်၊ စနေနေ့တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းက ကြီးမှူး၍ “Innovative Robot Project Competition” ပြိုင်ပွဲကို ရန်ကုန်မြို့၊ MICT Park ၊ Conference Hall တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျွမ်းကျင်မှုဧရိယာအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။
APT Young Professionals and Students Programme 2020 အခမ်းအနားသို့ ကျောင်းသား/ ကျောင်းသူများ၊ သိပ္ပံနှင့်နည်းပညာအသစ်အဆန်းများအား လေ့လာသူများ၊ ICT ဆိုင်ရာသင်တန်းကျောင်းများ၊ ပညာရေးနယ်ပယ်မှ သင်တန်းကျောင်းများနှင့် အစိုးရပညာရေးဆိုင်ရာ ကျောင်းများ၊ တက္ကသိုလ်များ၊ ဌာနဆိုင်ရာများမှ လာရောက် လေ့လာ နိုင်ပါသည်။
APT Young Professionals and Students Programme 2020 Innovative Robot Project Competition ပြိုင်ပွဲတွင် အမျိုးအစားများ အနေဖြင့် Categories (၂) မျိုး သတ်မှတ်ထားပါသည်။
Junior Innovative Robot Project Competition
Senior Innovative Robot Project Competition
စုံစမ်းရန် >> မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA), အဆောင် (၉) မြေညီထပ်၊ MICT Park, လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့။ ဖုန်း – ၀၁ ၆၅၂၂၇၆, ၀၉ ၅၀၆၇၁၆၅၊ Email: – office@mcpamyanmar.org
ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား/ကျောင်းသူများသည် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာ၊ စည်းကမ်းချက်များကို
MCPA Website www.mcpamyanmar.org နှင့် APT facebook Page https://www.facebook.com/APT-Young-Professional-2020-109913724169134 တွင်Download ရယူပြီး လျှောက်ထားနိုင်ပါသည်။ ပြိုင်ပွဲဝင်လျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၈) ရက် ကြာသပတေးနေ့ ညနေ (၄:၀၀) နာရီ နောက်ဆုံးထားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း အဆောင် (၉)၊ မြေညီထပ်၊ MICT Park သို့ လူကိုယ်တိုင် ဖြစ်စေ၊ မေးလိပ်စာ – office@mcpamyanmar.org, aptyoungprofessional12@gmail.com တို့သို့ ပေးပို့နိုင်ပါသည်။