“Friendship and Cooperation” Short Video ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန မှ အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်သည့် “Friendship and Cooperation” Short Video ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအနေဖြင့် Registration Form နှင့် Video Clip အား email (subject line: country -participant name-entry’s title) ဖြင့် ACvideocontest@qq.com သို့ (၃၀.၉.၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပါသည်။ အနိုင်ရရှိသူများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ အတွင်း ရွေးချယ်သတ်မှတ်ပေးမည် ဖြစ်ပါသည်။ 50 Honorable mentions, 20 Excellent Award winner နှင့် 5 winners of the grand prize ဆုများ ပေးအပ်သွားမည်ဖြစ်ပြီး Excellent Award winner များအနေဖြင့် Suzhuo မြို့တွင် ကျင်းပပြုလုပ်မည့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခွင့်ရရှိမည် ဖြစ်ပါသည်။ ပြိုင်ပွဲနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို http://chinareportasean.com/friendship-and-cooperation/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မှတ်ချက်။ ။ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲလျှောက်ထားသည့် အမျိုးအစား၊ အခြေအနေနှင့် အချက်အလက်များအား မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရုံး email-office@mcf.org.mm, ictcompetition@gmail.com သို့ (၁.၁၀.၂၀၂၀) ရက်နေ့နောက်ဆုံးထား၍ ပေးပို့ပါရန်နှင့် အသေးစိတ်အချက် အလက်များ သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park ဖုန်း -၀၁-၆၅၂၃၀၇၊ ၀၁-၂၃၀၅၂၃၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။