“တိုင်းရင်းသားလူငယ်များ၏ စာရိတ္တဖွံ့ဖြိုးရေးနှင့် ဘဝမြှင့်တင်ရေး” ဟောပြောပွဲကျင်းပ

ကွန်ပျူတာတက္ကသိုလ်(မကွေး)တွင် ၂၀၁၈ – ၂၀၁၉ပညာသင်နှစ်၏ ပထမပညာသင်ကာလများအတွင်း ပညာသင်ယူလျှက်ရှိသော ကျောင်းသား/ကျောင်းသူများအား “ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာ” တွင် စိတ်ဓါတ်၊ စာရိတ္တ၊ စည်းကမ်းကောင်းမွန်ပြီး ပညာပြည့်ဝနှလုံးလှသော လူငယ်/မောင်မယ်များ ဖြစ်စေလိုသော စိတ်ဓါတ်စေတနာတို့ဖြင့် လူမျိုး/ဘာသာမရွေး တက်ရောက်နိုင်သော “တိုင်းရင်းသားလူငယ်များ၏ စာရိတ္တဖွံ့ဖြိုးရေးနှင့် ဘဝမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဆရာတော် အရှင်ဇေယျသေန (ဓမ္မာစရိယ၊ ဝိနယပိဋက-ခုဒ္ဒကနိကာယ-ဝိနယဝိဒူ၊ အဘိဓမ္မာပိဋက-ခုဒ္ဒကနိကာယ-အဘိဓမ္မာဝိဒူ) မှ ကွန်ပျူတာတက္ကသိုလ်(မကွေး)ဘွဲ့နှင်းသဘင်ခန်းမတွင်(၂၂-၁-၂၀၁၉)ရက်နေ့ မွန်းလွဲ(၁ : ၀၀) မှ (၂ : ၀၀) ထိ ကြွရောက်ချီးမြှင့်ဟောပြောပို့ချ ပေးခဲ့ပါသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

၂၀၁၈-၂၀၁၉ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားအား ၁၇-၁-၂၀၁၉ ရက်နေ့တွင် ပထမပိုင်းကို နံနက်(၈:၃၀) မှ နေ့လည်(၁၂:၀၀)ထိ ကျင်းပခဲ့ပြီး ဒုတိယပိုင်းကို နေ့လည်(၁:၀၀)နာရီမှ ညနေ(၄:၀၀) ထိကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် နှစ်အလိုက်ထူးချွန်ဆုမာျးပေးအပ်ခဲ့ပါသည်

လူသားနှင့် အဘိဓမ္မာရက်တို အထူး(၅)ရက်သင်တန်း

ကွန်ပျူတာတက္ကသိုလ်(မကွေး) နှင့် စင်္ကာပူနိုင်ငံပညာပါရမီ မိသားစု တို့မှ ကြီးမှူးကျင်းပသော လူသားနှင့် အဘိဓမ္မာရက်တို အထူး(၅)ရက်သင်တန်းကို (၉-၁-၂၀၁၉)မှ (၁၃-၁-၂၀၁၉)ရက်နေ့ထိ ပညာပါရမီဆရာတော် ဦးဉာဏဝရ မှ ဟောပြောပို့ချပေးခဲ့ပါသည်။