သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီးဒေါ်နွယ်နီနှင့် ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ဆရာ၊ဆရာမများ၊ဝန်ထမ်းများနှင့်တွေ့ဆုံပွဲအခမ်းအနား

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့  ညနေ (၄:၀၀) နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပပြုလုပ်သည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီး ဒေါ်နွယ်နီနှင့် ကွန်ပျူတာတက္ကသိုလ် (မကွေး) မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်း များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပြုလုပ်ခဲ့ပါသည်။ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီး ဒေါ်နွယ်နီက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်က လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများမှ တင်ပြလိုသည်များရှိပါက တင်ပြရန်ဖိတ်ကြားခဲ့ပြီး တင်ပြလာသည့် အကြောင်းအရာများကိုလည်း ဆရာမကြီးမှပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ထို့နောက်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီး ဒေါ်နွယ်နီက…

ကွန်ပျူတာတက္ကသိုလ်(မကေွး)၊ (၁၆၀)ဦးဆံ့ ကျောင်းသူဆောင်သစ်နှင့်သုံးထပ်စာသင်ဆောင်သစ် ဖွင့်ပွဲ နှင့် စာရွက်စာတမ်များလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား

၂၀၂၃ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ ညနေ (၄:၃၀) နာရီအချိန်တွင် (၁၆၀)ဦးဆံ့ ကျောင်းသူဆောင်သစ်နှင့်သုံးထပ်စာသင်ဆောင်သစ် ဖွင့်ပွဲ နှင့် စာရွက်စာတမ်များလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကွန်ပျူတာတက္ကသိုလ်(မကွေး) ဝင်းအတွင်းရှိ (၁၆၀)ဦးဆံ့ ကျောင်းသူဆောင်သစ်‌ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့်ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ (၁၆၀)ဦးဆံ့ ကျောင်းသူဆောင်သစ်နှင့်သုံးထပ်စာသင်ဆောင်သစ်ဆိုင်းဘုတ်များအား စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်မှ အဆောက်အဦနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဆက်လက်၍ မကွေးအောင်မင်းဆောက်လုပ်ရေးကုမ္ပဏီက ၁၆၀…

ကွန်ပျူတာတက္ကသိုလ်(မကွေး)၊(၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပခြင်းအခမ်းအနား

၂၀၂၃ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(မကွေး)၏ (၁၃) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့်ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ ဝန်ကြီးချုပ်က ဘွဲ့ရမောင်မယ်များအား ဂုဏ်ပြုအမှာစကားချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်မှ ဘွဲ့နှင်းသဘင်ဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြခဲ့ပြီး ဘွဲ့ယူမောင်မယ်များအား ဘွဲ့လက်မှတ်များအပ်နှင်းခဲ့ပါသည်။ ယခုဘွဲ့နှင်းသဘင်တွင် တက်ရောက် (၃၉) ဦး နှင့် အဝေးရောက်ဘွဲ့ယူသူ (၃၉)ဦး၊ စုစုပေါင်း (၇၈) ဦးတို့အား ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့နှင့် မဟာကွန်ပျူတာသိပ္ပံဘွဲ့များ အသီးသီးအပ်နှင်းခဲ့ပါသည်။

World Summit on the Information Society (WSIS) Prize 2021 ပြိုင်ပွဲဝင်များဖိတ်ခေါ်ခြင်း

အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (အိုင်တီယူ) မှကြီးမှုး၍ (၁၀) ကြိမ် မြောက် World Summit on the Information Society (WSIS) Prizes 2021 ပြိုင်ပွဲအား Sustainable Development Goals (SDGs) ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် အိုင်စီတီ ကဏ္ဍ အနေဖြင့် နိုင်ငံတကာမှ ဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ချက်များ၊ အတွေ့အကြုံ များကို မျှဝေဆွေးနွေးကာ ပိုမိုထိရောက်မှုရှိသည့် Mechanism တစ်ရပ် ဖန်တီးဖော်ဆောင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ICT နည်းပညာကို အသုံးပြုလျက်ရှိသည့် စီးပွားရေး လုပ်ငန်းများ၊ ICT အသုံးပြု၍ ဝန်ဆောင်မှုပေးနေသည့် အစိုးရ အဖွဲ့အစည်း များ၊ အသင်းအဖွဲ့များ၊ လူငယ် Social Entrepreneurs…

ကွန်ပျူတာတက္ကသိုလ်(မကွေး) Learning Management System (LMS)

ကွန်ပျူတာတက္ကသိုလ်(မကွေး) ကျောင်းသား/ကျောင်းသူများ Learning Management System (LMS) မှ သင်ခန်းစာများလေ့လာသင်ယူနိုင်ရေးအတွက် username နှင့် password တို့ကို ကျောင်းသားတစ်ဦးချင်းစီ ၏ edu mail သို့ ပေးပို့ထားပြီးဖြစ်ပါသည်။ မိမိတို့နှင့်သက်ဆိုင်သည့် အတန်းအလိုက် ဘာသာရပ်များကို http://lms.ucsmgy.edu.mm/ တွင်ဝင်ရောက်လေ့လာနိုင်ရန်ကြေညာလိုက်သည်။