ကွန်ပျူတာတက္ကသိုလ်(မကွေး) ဝင်ခွင့်ရ (၂၀၂၅ခုနှစ်အောင်) ကျောင်းသား၊ ကျောင်းသူများစာရင်း ကြေညာခြင်း
ကွန်ပျူတာတက္ကသိုလ်(မကွေး) ဝင်ခွင့်ရ (၂၀၂၅ခုနှစ်အောင်) ကျောင်းသား၊ ကျောင်းသူ စာရင်းကြေညာခြင်း
ကွန်ပျူတာတက္ကသိုလ်(မကွေး) ဝင်ခွင့်ရ (၂၀၂၅ခုနှစ်အောင်) ကျောင်းသား၊ ကျောင်းသူ စာရင်းကြေညာခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ(၂) က်နေ့ မွန်းလွဲ(၂:၀၀) အချိန် ကွွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွွွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်က သိပ္ပံနှင့်နည်းပညာကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဤကဏ္ဍဆိုင်ရာ လူသားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးတို့သည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောကဏ္ဍများ ဖြစ်သည့်အားလျော်စွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကို ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အမိန့် အမှတ် (၃၆/၉၆)ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစည်းခဲ့ပြီး ၂၀၂၁ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့် အမှတ်(၁၃၈/၂၀၂၁)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်၏ လုပ်ငန်းခွင်များတွင်…