ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific APT Young Professional 2020ကြီးမှူး၍ “Innovative Robot Project Competition” ပြိုင်ပွဲကို၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၄) ရက် စနေနေ့တွင် ရန်ကုန်မြို့၊ MICTPark ၊ ConferenceHall တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျွမ်းကျင်မှုဧရိယာအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပါသည်။APT Young Professionals and Students Programme 2020 Innovative Robot Project Competition ပြိုင်ပွဲတွင် အမျိုးအစားများ အနေဖြင့် Categories (၂) မျိုး သတ်မှတ်ထားပါသည်။
1. Junior Innovative Robot Project Competition
2. Senior Innovative Robot Project Competition
သို့ဖြစ်ပါ၍ ပါဝင်ယှဉ်ပြိုင်လိုသည့် ကျောင်းသား/ကျောင်းသူများသည် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာ၊ စည်းကမ်းချက်များကို အောက်ဖော်ပြပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်၍ Download ရယူနိုင်ပါသည်။
MCPA Website www.mcpamyanmar.org
APT facebook Page https://www.facebook.com/APT-Young-Professional-2020-109913724169134
ပြိုင်ပွဲဝင်လျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၅) ရက် သောကြာနေ့ ညနေ (၄:၀၀) နာရီ နောက်ဆုံးထားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း အဆောင် (၉)၊ မြေညီထပ်၊ MICT Park သို့ လူကိုယ်တိုင် ဖြစ်စေ၊ မေးလိပ်စာ – office@mcpamyanmar.org, aptyoungprofessional12@gmail.com သို့ပေးပို့လျှောက်ထားနိုင်ပါသည်။