ပထမနှစ် နှင့် ဒုတိယနှစ်သင်တန်းကျောင်းသား/ကျောင်းသူများအား Academic Credit System အကြောင်းရှင်းလင်းပြောကြားခြင်းအခမ်းအနားကို (၁၉-၁၂-၂၀၁၉ )ရက်နေ့ ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယပါမာက္ခချုပ် ဒေါက်တာစိုးလင်းအောင်၊ ဒေါက်တာဇာခြည်စုစုလှိုင်(ပါမောက္ခ/သုတသိပ္ပံမဟာဌာန) နှင့် ဒေါက်တာခင်စန်းသူ (ပါမောက္ခ/ တွက်ချက်ရေးမဟာဌာန)တို့မှ ကျောင်းသား/ကျောင်းသူမျာအား ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ ပြောင်းလဲလာသော Academic Credit System အကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါသည်။