၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို (၃-၁-၂၀၂၀)ရက် (သောကြာ)နေ့နံနက် (၉:၀၀) အချိန်တွင်စတင်ကျင်းပခဲ့ပြီး အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုငံတော်သီးချင်းကိုသံပြိုင်သီဆို၍ (၄-၁-၂၀၂၀)ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုခဲ့ကြပါသည်။ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားပြိုင်ပွဲများအားစတင်ကျင်းပခဲ့ကြပါသည်။ အားကစားပြိုင်ပွဲများတွင် ပထမနှစ်သင်တန်းမှ မဟာတန်းသင်တန်းအထိ သင်တန်းနှစ်အလိုက် ကျောင်းသား/ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး #ပထမဆုအား စတုတ္ထနှစ် ကျောင်းသား/ကျောင်းသူများမှလည်းကောင်း၊ #ဒုတိယဆုအား ပဉ္စမနှစ် ကျောင်းသား/ကျောင်းသူများမှလည်းကောင်း၊ #တတိယဆုအား တတိယနှစ် ကျောင်သား/ကျောင်းသူများမှလည်းကောင်း သင်တန်းနှစ်အလိုက်ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ပါသည်။