ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအား ၂၈-၇-၂၀၂၃ ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်၊ ဆရာ၊ဆရာမများ၊ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး တရားချီးမြှင့်ပေးသနားတော်မူသော ဆရာတော်နှင့်တကွ သံဃာတော် (၄)ပါးတို့ အား လှူဒါန်းဖွယ်ရာဝတ္တုနှင့်ပစ္စည်းအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါအခမ်းနားသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဝန်ထမ်းများအား မုန့်ဟင်းခါးအာဟာရဒါနဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။