မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းချုပ်နှင့်မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းတို့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကျင်းပပြုလုပ်သည့် လူမှုကျင့်ဝတ်နှင့် ICT စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ၂၉-၁-၂၀၂၀(ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲ (၁:၀၀) အချိန်မှ(၃:၀၀)အထိ ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(မကွေး) မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်၊ Eni Myanmar မှ ဦးသုခစိုး (Project Engineer )၊ Propagation Society မှ ဦးချစ်ဝင်းမောင်(Communication Director )၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းမှ ဦးခင်ဇော်(အတွင်းရေးမှူး(၃))နှင့် ဦးသက်မင်းဦး(စာရင်းစစ်(၂)) တို့ ပါဝင်ဆွေးနွေးခဲ့ပါသည်။အခမ်းအနားတွင် ဦးသက်မင်းဦးမှ Moderator အဖြစ်ဆောင်ရွက်၍ ပါဝင်ဆွေးနွေးခဲ့သူများမှ တစ်ဦးချင်းစီ အလှည့်ကျဆွေးနွေးပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဌ မှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ မကွေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကျောင်းသား/ကျောင်းသူများ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေးတွင် သုံးစွဲနိုင်ရန်အတွက် အလှူငွေများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားအားရုပ်သိမ်းခဲ့ပါသည်။