၁၄-၁၂-၂၀၁၉ ရက်နေ့မှ ၁၆-၁၂-၂၀၁၉ ရက်နေ့အထိ မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်သော လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ဖွင့်ပွဲအခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်၊ ဌာနအသီးသီးမှ ဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် အဖွဲ့ဝင်(၅)ဦးပါဝင်သော Digital Literacy ခေါင်းစဉ်ဖြင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်မှ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)တွင် ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ကွန်ပျူတာသိပ္ပံဆိုင်ရာပြခန်း(၃)ခန်းနှင့် ကွန်ပျူတာနည်းပညာဆိုင်ရာပြခန်း(၃)ခန်း ပါဝင်ပြသခဲ့ပါသည်။ကွန်ပျူတာသိပ္ပံဆိုင်ရာပြခန်း(၃)ခန်းတွင်(1) For Our Kids & AR and Our University(2) Voice-Based Ordering System(3) Learning Management System , JS Guide & Liveကွန်ပျူတာနည်းပညာဆိုင်ရာပြခန်း(၃)ခန်းတွင်(1) Way To Smarthome(2) LED Tube(3) Smart Electronic Voting(4) Dobot Magician စသည့်တို့ကို ပြခန်းများတွင် ပါဝင်ပြသခဲ့ပြီး ထုတ်စီးတိုးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း စသည့် ပြိုင်ပွဲများတွင်လည်းပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲတွင် ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ စတုတ္ထဆုကိုဆွတ်ခူးရရှိခဲ့ပါသည်။