ကွန်ပျူတာတက္ကသိုလ်(မကွေး)နှင့် မကွေးမြို့၊ အမှတ်(၄) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တို့မှ ပူးပေါင်းကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၂၀-၁-၂၀၂၀)ရက်၊ တနင်္လာနေ့ နံနက်(၁၀:၀၀)နာရီတွင် ကွန်ပျူတာတက္ကသိုလ်(မကွေး)ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်နှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်သူများတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်မှ ကျေးဇူတင်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အမှတ်(၄)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးမျိုးမင်းသိန်းနှင့် ဒုရဲအုပ်သန်းနိုင်ဝင်းတို့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာ ရမည့်စည်းကမ်းများ၊ ယာဉ်မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းအရင်းမျာ၊ ယာဉ်မတော်တဆမှု ကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ကို သိရှိထားပြီး အမှန်တကယ်လိုက်နာ ကျင့်သုံးကြရန် လိုအပ်ကြောင်း တို့ကို Power Point ဖြင့် ပြသပြီး ပညာပေးဟောပြောခဲ့သည်။ တက်ရောက်လာ သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးလက်ကမ်း စာစောင်များဝေငှခဲ့ပါသည်။