၂၀၁၉-၂၀၂၀ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(မကွေး) ပထမနှစ်တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများကြိုဆိုခြင်းအခမ်းအနား(Funfair)ကို ၅-၁၂-၂၀၁၉ (ကြာသပတေး) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ဒုတိယပါမောက္ခချုပ်ဒေါက်တာစိုးလင်းအောင်တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဌာအသီးသီးရှိ ဌာနမှူးများမှ ဌာနအကြောင်းနှင့် ဌာနရှိဘာသာရပ်များအကြောင်းမိတ်ဆက်ခြင်းနှင့် ဤတက္ကသိုလ်တွင် ဖွဲ့စည်းထားသောအဖွဲ့အစည်းများဖြစ်သည့် ကျောင်းသားသမဂ္ဂ(student union) ၊ Onemore UCS(MGY) (ပညာသင်ထောက်ပံ့ရေးအဖွဲ့)၊ စာပေနှင့်အနုပညာအသင်း၊ Sport Federation စသည့်အဖွဲ့(၄) ဖွဲ့မှ မိမိတို့၏အသင်းအဖွဲ့များအကြောင်း မိတ်ဆက်ခြင်း၊ အသင်း၏လုပ်ဆောင်ချက်များနှင့်ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခြင်း၊ကျောင်းသား/ကျောင်းသူများပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန်ဖိတ်ခေါ်ခြင်းစသည့်အစီအစဉ်များထည့်သွင်းကျင်းပခဲ့ပြီး ပထမနှစ် ကျောင်းသား/ကျောင်းသူအချင်းချင်း တစ်ဦးချင်းမိတ်ဆက်ခြင်း၊ Game ကစားခြင်းများဖြင့် ပျော်ရွှင်စွာကျင်းပခဲ့ပါသည်။