၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)၏ “ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ” အခမ်းအနားအား (၁၅-၁-၂၀၂၀)ရက်နေ့(ဗုဒ္ဓဟူးနေ့) နံနက်(၉:၀၀)အချိန် မှ ညနေ(၄:၀၀)အချိန်ထိ ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်မှ ဦးစွာအဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားစတင်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် သင်တန်းနှစ်အလိုက်ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။