ကွန်ပျူတာတက္ကသိုလ်(မကွေး)တွင် ၂၀၁၈ – ၂၀၁၉ပညာသင်နှစ်၏ ပထမပညာသင်ကာလများအတွင်း ပညာသင်ယူလျှက်ရှိသော ကျောင်းသား/ကျောင်းသူများအား “ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာ” တွင် စိတ်ဓါတ်၊ စာရိတ္တ၊ စည်းကမ်းကောင်းမွန်ပြီး ပညာပြည့်ဝနှလုံးလှသော လူငယ်/မောင်မယ်များ ဖြစ်စေလိုသော စိတ်ဓါတ်စေတနာတို့ဖြင့် လူမျိုး/ဘာသာမရွေး တက်ရောက်နိုင်သော “တိုင်းရင်းသားလူငယ်များ၏ စာရိတ္တဖွံ့ဖြိုးရေးနှင့် ဘဝမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဆရာတော် အရှင်ဇေယျသေန (ဓမ္မာစရိယ၊ ဝိနယပိဋက-ခုဒ္ဒကနိကာယ-ဝိနယဝိဒူ၊ အဘိဓမ္မာပိဋက-ခုဒ္ဒကနိကာယ-အဘိဓမ္မာဝိဒူ) မှ ကွန်ပျူတာတက္ကသိုလ်(မကွေး)ဘွဲ့နှင်းသဘင်ခန်းမတွင်(၂၂-၁-၂၀၁၉)ရက်နေ့ မွန်းလွဲ(၁ : ၀၀) မှ (၂ : ၀၀) ထိ ကြွရောက်ချီးမြှင့်ဟောပြောပို့ချ ပေးခဲ့ပါသည်။