ကွန်ပျူတာတက္ကသိုလ်(မကွေး)၊ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်တို့တွင် မဟာတန်းသင်တန်းနှင့် ပဉ္စမနှစ် (နောက်ဆုံးနှစ်)သင်တန်း ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ(၇၈)ဦးကို သက်ဆိုင်ရာ ကွန်ပျူတာဘွဲ့များပေးအပ်ရန် (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။
