၂၀၂၃ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ ညနေ (၄:၃၀) နာရီအချိန်တွင် (၁၆၀)ဦးဆံ့ ကျောင်းသူဆောင်သစ်နှင့်သုံးထပ်စာသင်ဆောင်သစ် ဖွင့်ပွဲ နှင့် စာရွက်စာတမ်များလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကွန်ပျူတာတက္ကသိုလ်(မကွေး) ဝင်းအတွင်းရှိ (၁၆၀)ဦးဆံ့ ကျောင်းသူဆောင်သစ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့်ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ (၁၆၀)ဦးဆံ့ ကျောင်းသူဆောင်သစ်နှင့်သုံးထပ်စာသင်ဆောင်သစ်ဆိုင်းဘုတ်များအား စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်မှ အဆောက်အဦနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဆက်လက်၍ မကွေးအောင်မင်းဆောက်လုပ်ရေးကုမ္ပဏီက ၁၆၀ ဦးဆံ့ကျောင်းသူအိပ်ဆောင်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ နှင့် အောင်အောင်သော်ဆောက်လုပ်ရေးကုမ္ပဏီက သုံးထပ်စာသင်ဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ် (မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်မှ လက်ခံရယူခဲ့ပြီး၊အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။