၂၀၁၉ – ၂၀၂၀ပညာသင်နှစ်၊ကွန်ပျူတာတက္ကသိုလ်(မကွေး)တွင် တက်ရောက်နေသော ပထမနှစ် မှ စတုတ္ထနှစ်အထိ ကျောင်းသူများအား ကျောင်းဆောင်နေထိုင်ခွင့် လျှောက်ထားရန် (၂၅.၅.၂၀၂၀) ရက်နေ့တွင် ဤတက္ကသိုလ် Pageတွင်ကြေညာခဲ့ပြီး ကျောင်းဆောင်နေထိုင်ခွင့်လျှောက်လွှာဖြင့် လျှောက်ထားခွင့်ပြုခဲ့ရာ ကျောင်းသူဦးရေ(၁၁၀)ဦး လျှောက်ထားလာပါသည်။ကျောင်းဆောင်တွင် ကျောင်းသူ(၁၆၀)ဦးအထိ နေထိုင်နိုင်ပြီး လျှောက်ထားသူဦးရေ မပြည့်မီသေးပါသဖြင့် ထပ်မံလျှောက်ထားလိုသော ပထမနှစ်မှ စတုတ္ထနှစ်အထိ ကျောင်းသူများအပြင် ပဉ္စမနှစ်၊ မဟာတန်း(Coursework) နှင့် မဟာတန်း(Thesis) မှ ကျောင်းသူများလည်း နေထိုင်ခွင့်လျှောက်ထားလိုပါက လျှောက်ထားခွင့်ပြုကြောင်းကို (၅.၆.၂၀၂၀)နေ့တွင် ကျင်းပသော စီမံခန့်ခွဲမှုအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ၁၉.၆.၂၀၂၀(သောကြာ)နေ့ထိ နောက်ဆုံးထား၍ လျှောက် ထားနိုင်ကြောင်း ကြေညာလိုက်သည်။https://forms.gle/wsD7W8JER8XKrNLcA